Saturday, April 25, 2009

ကြေးအိုး နဲ့ ကြေးအိုးဆီချက်

ဟဲဟဲ... ခေါင်းစဉ်ကြီးကတော့ ဟည်းနေတာပဲ.. ကြေးအိုးဆိုင်က ဆိုင်းဘုတ်ကို ခဏဖြုတ်လာသလား အောက်မေ့ရတယ်နော်... (ဟဲဟဲ မျက်နှာချိုသွေးနေတာ .... မလုပ်တတ် လုပ်တတ်နဲ့ လုပ်ထားတာဆိုတော့ စားမကောင်းရင် စိတ်ဆိုးနဲ့ နော်.. :D)

ကိုယ်ပိုင် recipe ဆိုလို့ အထင်ကြီးသွားကြမလားပဲ.. တကယ်က ထင်တာလုပ်လိုက်တာပါ ... cbox မှာ မမိုးကောင်းသူကို တွေ့လိုက်တော့ နည်းနည်းပျာသွားတယ်.. (တကယ်).. အဲဒီမမက ဟင်းကောင်းကောင်းချက်တတ်တော့ ငါတလွဲတွေလုပ်မိရင်တော့ ဒုက္ခလို့ တွေးမိသေးတယ်... နောက်တော့ စပြီးမှတော့ မထူးတော့ပါဘူး မလိခရယ် ဆိုပြီး ........

ပထမဆုံးက ကြေးအိုးဆီချက်ပါ..။ ကြေးအိုးဆီချက် ချက်ရင် ကြာဇံကို အိုးထဲမှာ ဆီနဲ့ နဲနဲ လှိမ့်ရတယ်လို့ သူငယ်ချင်းကပြောတယ်...။ ဒါပေမဲ့ ကျွန်မမောင်လေးတွေက ဒီတယောက်က ခုစားမယ်... ပြင်ပြီးလို့မှ မကြာသေး နောက်တစ်ယောက်က သားလည်းစားမယ်... အဲဒီလိုဖြစ်တတ်လို့ ကျွန်မက ကြက်သွန်ဖြူဆီချက်နဲ့ နယ်ပါတယ်... ပဲငံပြာရည်အနောက်ကိုတော့ အရောင်ညိုညိုရချင်လို့ နည်းနည်းထည့်ပါတယ်...။ ကြာဇံပြုတ်ကို ရေစစ်... အရွက်ကြိုက်တတ်တော့ အရွက်များများလေးထည့်ထားတယ်... ပြီးတော့ ခုနက ဆီချက်ရယ် ပဲငံပြာရည်အနောက်ရယ်ထည့်... ဆား (အချိုမှုန့်စားလေ့ရှိရင် အချိုမှုန့်) ထည့်.. ပြီးရင် နယ်လိုက်တယ်...။

အသားလုံးပြုတ်လေး ထည့် .... ၀က်ကလီစာကို အချိုပြုတ် (ကလီစာ များရင်တော့ ၀က်သားတုတ်ထိုးလို လုပ်စားလို့ရတယ်) ထားတာလေး ညှပ်ထည့်လိုက်တယ်... ကျွန်မရဲ့ ကြေးအိုးဆီချက်လေး ရပါပြီ.. သုံးဆောင်ကြပါနော်...


ဒါက ၀က်ခြေထောက်စွပ်ပြုတ်ပါ....


ကြေးအိုးအရည်ဆိုရင်တော့ ကျွန်မက ကြာဇံပြုတ်ကို ၀က်ခြေထောက်စွပ်ပြုတ်အရည် ထည့်လိုက်တယ်.... ပြီးတော့ အရွက်ပြုတ်ရယ် အသားလုံးနဲ့ ကလီစားညှပ်ထားတာထည့်တယ်...။ ဒါလေးက ကြေးအိုးအရည်ပါ...။


ရန်ကုန်က ဆိုင်ကြေးအိုးတွေလောက်တော့ မကောင်းဘူးပေါ့.. ဒါပေမဲ့ ကြေးအိုးကြိုက်တတ်တဲ့ ကျွန်မအတွက် အာသာပြေပါတယ်.... (ရန်ကုန်ကဆိုင်ကြေးအိုးတွေနဲ့ တူချင်ရင်တော့ ဘာအမှုန့်ထည့်ရတယ်ဆိုလား သူငယ်ချင်းကပြောတယ် .... အဲဒါပြောပြီးကတည်းက အဲဒီသူငယ်ချင်းနဲ့ အဆက်အသွယ်ပြတ်သွားတာပဲ... ဘာအမှုန့်မှန်း မသိလိုက်ဘူး..)

ဒါက ရှောက်သီးသုပ်နဲ့ ထမင်းဖြူ.. ၀က်သားမစားတဲ့ သူတွေအတွက်ပါ... ၀က်သားစားတဲ့သူလည်း စားလို့ရပါတယ်... :P... ကြေးအိုးစားပြီး အအီပြေပေါ့...။


ဒါမှ အအီမပြေသေးဘူးဆိုရင် ဒီမှာ သရက်သီးနဲ့ ငံပြာရည်... ဟဲဟဲ



ဟင်းအစပ်အဟပ်က ကောင်းတော့.. သွားတော့ နည်းနည်းကြိမ်းသား...ဟဲဟဲ။

ကြိုက်တာသာရွေးစားသွားကြပါနော်... အကုန်စားလည်းရတယ်... ကျွန်မကတော့ အကုန် အစုံစားထားတယ်...။ နောက် တစ်ပတ်လောက်ထိ ဘလော့ဂ်လေးထဲမှာ ဘာအပြောင်းအလဲမှ မရှိဘူးဆိုရင်တော့ မလိခတို့ ဟိုကမ္ဘာလေးထဲရောက်သွားပြီလို့ မှတ်လိုက်ပါ...။ မလိခ ဘာမှ မဖြစ်ဘူးဆိုရင်တော့ မြန်မာပြည်မှာနေတုန်းက လမ်းဘေးစာအစုံစားတတ်တဲ့ အကျင့်ကြောင့် resistance တွေတက်လို့ လို့မှတ်..... :P

8 comments:

Anonymous said...

စားချင်စဖွယ်လေးပါလား၊
ကြေးအိုးလုပ်ရတာ ဒီလောက်လွယ်တယ်လား၊ ရန်ကုန်မှာတုန်းကတော့ ၀ိုင်ကေကေမှာ တလတခေါက်တော့ စားဖြစ်တယ်၊
စကားမစပ် စာမျက်နှာသစ်လေးက လှတယ်၊
လူငယ်စကားနဲ့ပြောရရင် “လန်းတယ်“လို့ ပြောရမယ်။ :)

ကိုလူထွေး said...

ကြေးအိုးဆီချက်က ကြည့်ရတာ စားချင်စရာပဲဗျာ..
ဗိုက်တောင်ဆာလာပြီ.. ငယ်ငယ်ကတော့ လှည်းတန်းတို့  ရန်ကင်းတို့ မှာ မကြာခဏစားဖြစ်တယ်။ ကိုယ်ဖာသာလုပ်စားတတ်တော့ ကောင်းတာပေါ့...

သီဟသစ် said...

မလိခရေ..
အစားအသောက်တွေ အကုန်လာစားသွားတယ်နော်..

ပန်းတစ်ပွင့်ဖန်ဆင်းခြင်း
ပန်းသခင်
ပန်းကမ္ဘာ ..

ဇာတ်ကားတွေ ရိုက်နေပြီလား ဟင်.. :P

မလိခ said...

အပြုံးပန်း>>> ဟဲဟဲ.. ၀ိုင်ကေကေအိုကိုတော့ မမီသေးပါဘူး မမရယ်... အာသာပြေရုံပါပဲ..
HTMLကုဒ်တွေကို ဟိုပြင်ဒီပြင် လျှောက်စမ်းရင်းနဲ့ ဖြစ်သွားတာပဲမမရေ.. နားလည်လို့လုပ်ရင်း
ဖြစ်သွားတာမဟုတ်.. ချီးကျူးတာ ကျေးဇူးမမရေ.. :D

ကိုလူထွေး >>> ဟုတ် ကျွန်မကကြေးအိုး သိပ်ကြိုက်တော့ .... စားချင်စိတ်နဲ့ ဟိုစမ်းစမ်း ဒီစမ်းစမ်းလုပ်ရင်း နဲနဲရုပ်ထွက်လာတယ်လို့ ပြောရမယ်.. ဟဲဟဲ

သီဟသစ် >>> စားနိုင်သလောက် အကုန်သာစားသွား ကိုသီဟသစ်ရေ... ကျွန်မခုထိတော့ ဘယ်ဇာတ်ကားမှ မရိုက်ရသေးဘူး အခြေအနေက ရေမြွေ ဖြစ်နေတုန်း... :D

မိုးကောင်းသူ said...

စုံစုံလင်နဲ့ ကောင်းပါ့။ အားမနာတမ်း အကုန်စားသွားတယ်နော်။

strike said...

ကောင်းမယ့်ပုံပဲဗျို့............
ငတ်တယ် ငတ်တယ်.....ရှလွတ် ရှလွတ်
ဂလု ..ဂွတ်

မြစ်ကျိုးအင်း said...

ကြေးအိုးဆီချက် တပွဲလောက်...
မြင်သာမြင်ရတဲ့ဘ၀မှာတော့ ဒီလိုပုံလေးတွေကို ဖွယ်ဖွယ်ရာရာ နဲ့ဆိုတော့ အမှန်ပြောရရင် စားချင်စိတ်တော့ ပေါ်မိသားဗျ...
...ခင်မင်သောအားဖြင့်...

မလိခ said...

မိုးကောင်းသူ >> စားသာစား မမရေ.. :D
strike >> :D
မြစ်ကျိုးအင်း >> ကြေးအိုးဆီချက်က ၀က်သားနဲ့ပဲရတော့မယ် အကို... ကလီစာအစုံထည့်ပေးလိုက်မယ်နော်.. (ဟဲဟဲ ကြေးအိုးဆိုင် လုပ်စားလို့ရတယ်မလား...ဒီလေနဲ့ဆို :P)