Friday, May 8, 2009

ရောရော ယောင်ယောင်

ခုတလော.. လူကခပ်ထွေထွေနဲ့ စိတ်လေနေမိတယ်...။ တချို့ စနေနေ့ သတင်းစာမှာတောင် ကိုယ်ယူထားမိတဲ့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ အလုပ်ခေါ်တာတွေ မပါတာများလာတော့ သတင်းစာဝယ်ရမှာတောင် အားက သိပ်မရှိချင်တော့ဘူး...။ အဲဒါနဲ့ ဘာတွေလုပ်နေမိလဲဆိုတော့.... တွေ့သမျှ game တွေ ကစားတယ်... facebook က farm town မှာလဲ အပင်စိုက်တယ်... iwin.com ကနေလဲ download တွေလုပ်ပြီး အပင်စိုက်တယ်... (အပြင်မှာ လုပ်ချင်တိုင်းလုပ်လို့မရတာတွေကို game ထဲမှာလုပ်ပြီး စိတ်ဖြေတယ်ဆိုပါတော့..).. ဘလော့ဂ်လေးကို သတိရပေမဲ့ ဘာရေးလို့ရေးရမှန်းမသိဘူး ဖြစ်နေတယ်...။

ဒီနေ့ မှ personal အီးမေးလ်ရော ရှိသမျှမေးလ် အကုန်စစ်မိတော့ inbox မှာ မေးလ်က ၄၀၀ကျော်နေပြီ..။ rangoonburmer ကနေရောက်လာတဲ့ မေးလ်ကလဲ ခပ်များများ.. ခေါင်းစဉ်လောက်ပဲ ဖတ်ပြီး စိတ်မ၀င်စားတာတွေ ဖျက်ရင်းအထက်တန်းကျောင်းတုန်းက သူငယ်ချင်းလေးတစ်ယောက်ပို့ထားတဲ့ fwd mail လေးထဲက ပဟေဠိလေးကိုတွေ့တော့ ခေါင်းရှုပ်ခံစဉ်းစားချင်စိတ်ပေါက်သွားတယ်...

တချို့ကို တော့ ကျွန်မစဉ်းစားလို့ရတယ် တချို့ကိုတော့ ကျွန်မမသိဘူး.. ဒါနဲ့ ခေါင်းတစ်လုံးတည်းထက်ကို ခေါင်းတွေ အများကြီးပေါင်းတာပိုကောင်းမယ်ထင်လို့... ဟဲဟဲ...


အောက်က မြန်မာနိုင်ငံမှာရှိတဲ့ မြို့လေးတွေကို သိရင် ဖြေပေးကြပါဦးနော်..

၁). မြစ်အဖေကြီးနဲ့ မြစ်အမေကြီးက မွေးတဲ့မြို့
၂). စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့
၃). ကလီစာတွေ အူတွေ အခွေလိုက်ရှိတဲ့ မြို့
၎). လူကြီးမဖြစ်သေးတဲ့မြို့
၅). ဒီနေ့ည ငါစောင့်ရမယ့်အလှည့်မဟုတ်ဘူး ဆိုတဲ့ မြို့
၆). သကြားချက်ရင် အဆင်ပြေနိုင်တဲ့ မြို့
၇). ဆင်တွေကတဲ့ မြို့
၈). ၀ိုးတိုးဝါးတားပဲရှိတဲ့ မြို့
၉). စိုစိုပြည်ပြည်မရှိတဲ့မြို့
၁၀). ကျန်စစ်သားရဲ့ မိန်းမနာမည်နဲ့ မြို့
၁၁). ဖားကောက်ခိုင်းတဲ့မြို့
၁၂). လေဘေးထည်မြို့
၁၃). မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့ မြို့
၁၄). ကိုယ်တော်ခံတဲ့ ဆွမ်းအရနည်းတာ ဒါကြောင့်ကိုး.. ဆိုတဲ့မြို့
၁၅) အဲဒီမြို့ နာမည်က ပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ ငှက်ကြီးဖြစ်သွားရော
၁၆)ရုံးသွားကျောင်းသွား သတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့... အဲဒီမြို့
၁၇)အဲဒီမြို့က ရွာလိုက်တာမှ သည်းကြီးမည်းကြီးပဲတဲ့
၁၈). အဲဒီအကောင်ရဲ့ ခန္ဒာကိုယ် အစိတ်အပိုင်းတခုမှာ အနာတခုပေါက်နေတဲ့မြို့


ကျွန်မသိတဲ့ အဖြေတချို့ကိုတော့ အောက်မှာ ရေးထားပါတယ်... ကျွန်မမသိတာလေးတွေကိုတော့... ၀ိုင်းဝန်းစဉ်းစားပေးကြပါဦးနော်... :D


(၁)မြစ်သားမြို့
(၂)၀က်လက်မြို့ (စိတ်ထဲမှာ ၀က်ခြေထောက်လို့ပဲ တွေးတွေးမိတယ်... ၀က်လက်စွပ်ပြုတ်ရယ်လို့မှ မကြားဖူးပဲကိုး)
(၃)
(၄)ကလေးမြို့
(၅)
(၆)ကြံခင်းမြို့
(၇)ကျောက်ဆည်မြို့ (ဒါလဲ မသေချာလှဘူး)
(၈)
(၉)ချောက်မြို့
(၁၀)ခင်ဦးမြို့
(၁၁)မိတ္ထီလာမြို့
(၁၂)ဖျာပုံမြို့
(၁၃)
(၁၄)သပိတ်ကျဉ်းမြို့
(၁၅)ဒလမြို့
(၁၆)ထီးချိုင့်မြို့
(၁၇)မိုးကောင်းမြို့
(၁၈) ဆင်ပေါင်ဝဲမြို့



quiz တွေလုပ်တတ်တဲ့ ကိုသီဟသစ်ဆီက idea တွေကို သူ ဆယ်လ်မွန်နဲ့ ကြိုးကြာဖြစ်နေခိုက် ခဏယူသုံးပါသည်...။ (ပြီးရင် ပြန်ပေးပါမည်... :P)

7 comments:

နွေးနေခြည် said...

၃) ၀မ်းတွင်းမြို့
၁၃) ၀ါးခယ်မမြို့

၅ နဲ့ ၈ လည်း သိပါတယ် အကုန်ဖြေလိုက်ရင် သူများတွေ ဖြေစရာမရှိမှာစိုးလို့ (ကြည့်ကောင်းအောင်ပြောသွားသသည်) :P

မိုးကောင်းသူ said...

ကျန်တာကို အိမ်စာယူသွားတယ်။ ဗိုက်ဆာနေလို့။ :D

စူးနွယ်လေး said...

တို့သိတာ နေခြည်ဦးသွားပြီ.ကျန်တာတော့သိဘူး...

စူးနွယ်လေး said...

သိပြီ ၈)က ရေးမြို့..

မလိခ said...

အမတို့ နေခြည်တို့ ဖြေတာနဲ့ တော်တော်တောင် ပြီးပြီ.. ဟီဟိ .. (ခေါင်းအများကြီးပေါင်းတာ ကောင်းပါတယ်လို့ မပြောလား... :D )...
နံပါတ် ၅ကို စဉ်းစားတိုင်း.. ခေါင်းထဲ ကင်းတဲမြို့ဆိုတာကြီးပဲ ၀င်ဝင်လာတယ်... အဲဒီနာမည်နဲ့ မြို့ရှိလားမရှိဘူးလားဆိုတာလည်း ယောင်ဝါးဝါးဖြစ်နေတယ်... အဟိ

ကိုလူထွေး said...

မစဉ်းစားချင်သေးဘူး...

ကိုလူထွေး said...

အဖြေတွေ အကုန်ရပြီလားပြန်လာကြည့်တာ...

ကင်းတဲဆိုတာကြီးတော့ ခေါင်းထဲမှာပေါ်လာတယ်.. အဲဒီမြို့ ရှိမရှိ ကျွန်တော်လဲ မသိ...

နွေးနေခြည်က အကုန်သိတယ်ပြောသွားတယ် လိုက်မေးကြည့်ရအောင်..