Sunday, June 22, 2008

အချစ် ကဗျာ

သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးပါ.... အကြောင်းသိတွေမို့လို့ နင့်အကြောင်းလား... လို့ စနောက်ပြီးမေးကြည့်တော့..... "ဘယ်သူမှမဟုတ်တဲ့ လူတစ်ယောက်အကြောင်းပါ..." လို့ ပညာရှင်လေသံနဲ့ ကျွန်မကိုပြန်ဖြေတယ်....။ "ကဗျာ ဆိုတာ လူတစ်ယောက်ရဲ့ ခံစားမှုကနေ ပေါက်ဖွားလာတာ မဟုတ်ဘူးလား" လို့ အထွန့်တက်ကြည့်တော့... "ဒါဆို ကဗျာဆရာတွေ ဆို ဘယ်လိုလုပ်မလဲ" တဲ့..။ ကဗျာဆရာဆိုတာလည်း .. တခြားတစ်ယောက်ရဲ့ အဖြစ်အပျက်၊ ခံစားမှု စသဖြင့်ကို စိတ်ထဲသွင်းပြီး အဲဒီကနေမှတဆင့်.... ဘာညာ.. လျှောက်ရမ်းသန်း ပြောမလို့ စဉ်းစားမိပေမဲ့.... ကိုယ်မသေချာတဲ့ အကြောင်း ဆိုတော့ ဘာမှမပြောပဲ ငြိမ်နေလိုက်တယ်...။ ကဗျာလေးက ကျွန်မကိုယ်တိုင်လည်း ခံစားလို့ရလို့... အားလုံးကို မျှဝေတာပါ...။ ကဗျာခေါင်းစဉ်က ရိုးရိုးလေးပါပဲ... "အချစ်" တဲ့...။

အချစ်

တားမြစ်ထားတဲ့ သစ်သီးပါ
စားကြည့်တော့.....;
(ငါ)
ခါးတယ်!

မကျွမ်းကျင်ဆုံး ကစားနည်းပါ
အမြဲတမ်း.....;
(ငါ)
ရှုံးတယ်!

အချစ်

အချစ်

အချစ်...နဲ့....!

အဲဒီလို အော်ဟစ်နေရင်းနဲ့ပဲ
ငါနဲ့ နှလုံးသား
ဘုံးဘုံးလဲကျသွားခဲ့ရပေါ့!

အခုတခါတော့
ဘယ်သူထူထူ
ပြန်ကို မထတော့ဘူး
နောက်တစ်ခေါက် ထပ်လဲကျရမှာ
ကြောက်လွန်းလို့ပါ!

ငါ....
နာ....တယ်!

(သူငယ်ချင်း ငတေ ရဲ့ကဗျာလေးပါ..)

ဟုတ်ပမလားရှင်... ရယ်လို့...


ဟိုတလောက ကျွန်မကြားမိတာလေးတစ်ခုပါ...။ တကယ်ဟုတ်သလား မဟုတ်ဘူးလား ဆိုတာကိုတော့ ကျွန်မကိုယ်တိုင် မြင်ဖူးတွေ့ဖူးတာ မဟုတ်တော့ အသေအချာမပြောရဲပါဘူး...။ ဒါဆိုဘာလို့ blog မှာတင်တာလည်းလို့ မေးလာရင်တော့........ ။ ဟုတ်ကဲ့ ကျွန်မပြောပြပါမယ်...။

ကျွန်မ ခုနေနေရတဲ့ ဒီနိုင်ငံလေးမှာ တစ်နေ့တခြား မြန်မာတွေများပြားလာတာကို မြင်နေတွေ့နေရပါတယ်...။ အလုပ်လုပ်ဖို့လာတဲ့သူ.... ကျောင်းတက်ဖို့လာတဲ့သူ.. အစုံပါပဲ...။ အဲဒီထဲမှာမှ.. Employment pass, S pass, Work Permit...စသည် စသည် စုံလို့ပါပဲ... ။ တစ်ချို့ဆို Company တစ်ခုထဲမှာတင် Pass အမျိုးမျိုးနဲ့ အလုပ်လုပ်နေတဲ့ မြန်မာတွေတော်တော်များများရှိတယ်လို့ သိရပါတယ်...။ ကျွန်မသူငယ်ချင်း စုံတွဲကလည်း ဒီနိုင်ငံရဲ့ Companyကြီးတစ်ခု(Engineering နဲ့ပတ်သက်တဲ့ Company ပါ.) မှာ အလုပ်လုပ်ပါတယ်... သူတို့ဆီမှာလည်း အဲဒီလိုပဲ အရွယ်စုံ မြန်မာလူမျိုး အထူးသဖြင့် ယောင်္ကျားလေးတွေ ရှိပါတယ်တဲ့...။ လူတစ်ကိုယ် စိတ်တစ်မျိုးရယ်လို့ ဆိုလေ့ရှိတော့ ဒီလိုလူများတဲ့ နေရာမှာဆို ဝါသနာတွေ စရိုက်တွေ စုံလို့နေတော့မှာပေါ့...။ ကျွန်မကျောင်းအားတဲ့ တစ်နေ့.. သူတို့နှစ်ယောက်လည်း အလုပ်မရှိတဲ့နေ့မှာ ကျွန်မတို့သုံးယောက်ဆုံဖြစ်ကြတယ်....။ သူတို့ကလည်း သူတို့အလုပ်ကအကြောင်း ကျွန်မကလည်း ကျွန်မကျောင်းကအကြောင်း ရောက်တတ်ရာရာ လျှောက်ပြောကြရင်းက ... သူတို့အလုပ်ထဲက တစ်ချို့အမျိုးသားကြီးတွေ မိသားစုနဲ့ဝေး အလုပ်ကပင်ပန်းနဲ့မို့ တော်ရာမှာ အပျော်ရှာကြတဲ့ အကြောင်းရောက်လာပါတယ်.....။ သြော်.. ကြုံလို့ပြောပြရဦးမယ်... ဒီနိုင်ငံမှာ အဲဒီလို အပျော်ကိုမှလိုလားတဲ့သူတွေအတွက်.. နေရာသီးသန့်ရှိပါတယ်...။ တော်တော်လည်းနာမည်ကြီးပါတယ်...။ အဲဒီလမ်းကို ရိုးရိုးတန်းတန်း လမ်းဖြတ်သွားတဲ့ လူတွေကိုတောင် အဲဒီကကောင်မလေးတွေက အတင်းလက်လိုက်ဆွဲပြီးခေါ်တယ်လို့ ကြားဖူးပါတယ်..။ ကြားရတာတော့ အပျော်ရှာချင်တဲ့ ကိုကိုတွေ တော်တော် အကြိုက်တွေ့မယ့်ပုံပါပဲ... :)..။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းကောင်မလေးတောင် အဲဒီလမ်းမှာ အဲဒီလိုတွေနာမည်ကြီးတယ်ဆိုလို့... စပ်စပ်စုစု မြင်ဖူးချင်တာနဲ့ အဲဒီလမ်းကိုဖြတ်တဲ့ Bus ကိုတမင်စီးပြီး ကားပေါ်ကနေ လေ့လာဖူးပါတယ်....။ ဘာမှမတွေ့ခဲ့ရပါဘူး..... တခြားယောက်ျားလေး သူငယ်ချင်းတွေက ကျွန်မတို့သွားတဲ့ အချိန်က နေ့လည် နှစ်နာရီလောက်ဖြစ်တဲ့အတွက် သူတို့တွေ လုပ်ငန်းမစသေးတာဖြစ်နိုင်တယ်လို့ ဆိုတယ်....။ အင်း.. ဒါက ဗဟုသုတအဖြစ် ကျွန်မကြားဖူးတာပြောပြတာပါ....။ ..... ကျွန်မနဲ့ သူငယ်ချင်းစုံတွဲ အဲဒီအကြောင်းပြောကြရင်း.... ကောင်လေးက " အဲဒီကိုရောက်ဖူးတဲ့ ငါတို့ရုံးက အစ်ကိုကြီးတွေကပြောတယ်.. အဲဒီမှာ.. မြန်မာကောင်မလေးတွေလည်းရှိတယ်တဲ့... " ... "ဟေ!!!" ကျွန်မ မကြားဖူးခဲ့တဲ့ ဘယ်လိုမှထင်မထားတဲ့ အကြောင်းအရာပါ...။ "ဟုတ်ပ မလားဟယ် ... အာရှကရုပ်တွေက ခပ်ဆင်ဆင်တွေမို့လို့ ထင်တာလျှောက်ပြောတာနေမှာပါ..." ကျွန်မက လက်မခံနိုင်လွန်းလို့ ဖြစ်နိုင်ခြေတွေ ပြောကြည့်တယ်...။ " အဲဒါတော့ ငါလည်းမလျှောက်တတ်ဘူးဟေ့... အဝတ်အစားရောင်းတဲ့ဆိုင်က Dummy တွေလို မှန်တွေနောက်မှာ Nakedနဲ့ မိန်းမတွေကို ထည့်ထားပြီး လူတွေက ဘယ်ဈေး ဘယ်ဈေးဆိုပြီး ဈေးခေါ်နေကြတာတဲ့ မြန်မာလို လည်းပြောနေကြတယ်ဆိုပဲ.... " .....။ သူပြောပြတာကို မျက်စိထဲပုံဖော်ကြည့်ရင်း တော်တော် အံ့သြ စိတ်ညစ်သွားရတယ်....။ ကိုယ်ရောသူရော မရောက်ဖူးကြတာချင်း အတူတူပေမဲ့ ကိုယ်မကြားဖူးတာကြီး လာပြောပြနေတော့... ဟုတ်နိုးနိုး မဟုတ်နိုးနိုး...။ ဒီကြားထဲ ဘယ်လိုမှ မယုံကြည်နိုင်တဲ့စိတ်နဲ့... "ဟုတ်ပမလားဟယ်..." လို့ အထွန့်တက်ကြည့်လိုက်သေးတယ်...။ သူ ကျွန်မကို ပြန်ပြောလိုက်တဲ့ စကားကြောင့်..... ဟိုးအရင်တုန်းက မြန်မာရုပ်ရှင် တစ်ခုရဲ့နာမည်ကို သွားသတိရမိတယ်.... "ငိုရ်ျ ရယ်ရ်ျမရသော မျက်နှာ" ဆိုတာလေ...။ ကျွန်မမျက်နှာလည်း အဲဒီလိုပဲဖြစ်သွားမယ် ထင်ပါတယ်...။ သူငယ်ချင်းက ဘာပြန်ပြောသလဲဆိုတော့... "နင်ယုံ မယုံတော့ မပြောတတ်ဘူး... သူတို့ပြောတာတော့ အဲဒီမိန်းမတွေထဲမှာမှ မြန်မာမတွေက ဈေးတော်တော်ကြီးဆိုပဲ..."..........။ ဖြစ်မှဖြစ်ရလေလို့... သူတို့ဘဝလေးတွေကို သနားပြီး စိတ်မကောင်းပဲဖြစ်ရမလိုလို.... တို့မြန်မာက ဈေးကြီးတယ်ဟေ့လို့ ဆိုပြီးပဲ ဂုဏ်ယူဝင့်ကြွားရတော့မလိုလို.....ဟိုလိုလို ... ဒီလိုလို................. အဲဒီလို ကျွန်မဖြစ်ခဲ့ရတာပါ....။