Thursday, May 21, 2009

ရောဂါ

ဘလော့ဂ်တွေလျှောက်ဖတ်ရင်း Mozilla မှာဖွင့်ထားတဲ့ အရှေ့ဆုံးက Tabလေးကို လှမ်းကြည့်မိတယ် ကျောင်းစာနဲ့ ပတ်သက်တာ.. အော် ငါစာဖတ်ရဦးမှာပါလား....

ဖတ်လက်စ ဘလော့ဂ်လေးပြီးအောင် ဆက်ဖတ်ပြန်သည်....

ဘလော့ဂ်တွေဖတ်တာများလို့ ခေါင်းလေး နည်းနည်းအုံလာတာနဲ့ လှဲပြီးဖတ်နေရင်းက ထထိုင်လိုက်တော့ အိပ်ခန်းကြမ်းပြင်မှာ ဖုန်တချို့... အော် ငါ တံမြက်စည်းလှည်းရဦးမှာပဲ... ဒါလေးဖတ်ပြီးရင်တော့လှဲမှပါ...

ဒီဘလော့ဂ်ရဲ့ link ကနေ နောက်စိတ်ဝင်စားစရာ ဘလော့လေးဆီရောက်သွားပြန်သည်....

ဘလော့တစ်ခုကနေ တစ်ခုအကူး screen ညာဖက်အောက်ထောင့်က နာရီလေးကြည့်မိတော့ အာလားလား ငါ ဘလော့ဂ်လည်နေတာ လေးနာရီနီးပါးလောက်ရှိနေပြီပဲ(ရေ သွားသောက်တာ.. ဟိုဟိုဒီဒီ ခဏလျှောက်တာ နုတ်ရင်)... မဖြစ်သေးပါဘူး ဒီအကျင့်ကို ပြင်မှ...

လည်လည်သွားတတ်တဲ့နေရာတွေ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ 5minutes ago ဆိုတာလေးတွေ့တော့ စိတ်ဝင်တစားသွားမိပြန်သည်...

သူများ ဘလော့ဂ်တွေဖတ်နေရင်း.... ငါလည်းမရေးဖြစ်တာကြာပေါ့ ဘာရေးရင် ကောင်းမလဲ စဉ်းစားရင်း...
ထုံးစံအတိုင်း ခရီးအကြောင်းတွေတွေး စိတ်ကူးထဲမှာ ပြန်ခံစား... အင်း ခရီး အကြောင်းပဲရေးတာကောင်းပါတယ်..

posting အောက်က create ဆိုတာလေးကို နှိပ်ပြီး... စိတ်ကူးထဲမှာ ခရီးကို နောက်တစ်ကျော့သွားပစ်လိုက်သည်...

အနံ့တစ်ခုနှာခေါင်းထဲဝင်လာတော့... ပြုံးလိုက်မိသည်... အင်း တစ်အိမ်အိမ်ကတော့ ဘာတွေတူးနေလဲမသိဘူး
လက်ကအရေး မပျက် ခရီးစဉ်ထဲပြန်မျောသွားသည်....

ဓာတ်ပုံတွေပြန်ကြည့်ရင်း ဘယ်ပုံတင်ရင်ကောင်းမလဲ လို့တွေးနေတုန်း တူးနံ့ကို အလိုလို analyze လုပ်မိတော့ အနံ့ကတော့ မြန်မာဟင်းနံ့ပဲ ဒီတိုက်က မြန်မာအိမ် တစ်အိမ်မှာ တူးနေပြီထင်တယ်

ဓာတ်ပုံတွေကို ခေါင်းစဉ်တွေတပ်... နေရာပြန်စီနဲ့ ရေးပြီးသားပို့စ်လေးကို preview ပြန်ကြည့်တော့... အင်း မဆိုးတော့ မဆိုးပါဘူး... ဒါပေမဲ့ တော်တော်ရှည်သွားသလိုပဲ... စာတွေလဲ တအားများနေတယ်... ဒီလောက်စာများရင် ငါ့လို အရေးအသားနဲ့ သူများဆိုရင် ဖတ်ချင်ပါ့မလား.... .။

စာချောအောင် ဟိုနားပြင် ဒီနားဖြုတ်... ကိုယ်ရေးထားတာတော့ ကိုယ့်သဘောကျဆိုတော့ အများကြီးကျတော့လဲ မဖြုတ်ချင်... ကဲ မထူးပါဘူးလေ ရေးပြီးမှတော့ ဒီတိုင်းလေးပဲ ထားလိုက်ပါတော့မယ်..

Publish Post ဆိုတာလေးကို အောင်မြင်စွာနှိပ်ပြီး view blog ဆိုတာလေးကို click လိုက်ပြီးချိန် စိတ်ကပေါ့သွားသည်..။ ဟင် တူးနံ့က မပျောက်သေးပါလား........ သေဟဲ့ မလခိ!!!!!!!...

အဲဒီနောက်မှာတော့ မလိခလေးဟာ မီးဖိုထဲကို အလျင်အမြန်ပြေး.. အဖုံးအုပ်ထားလို့ တချဲချဲ (တရှဲရှဲမဟုတ်ပါ... တရှဲရှဲဆိုသည်မှာ ရေရှိမှ မြည်နိုင်သောအသံဟု ယူဆသောကြောင့်..) မြည်နေသော.. အစက ကင်ပွန်းချဉ်ဟင်းရည်ချက်ထားသဖြင့် ကင်ပွန်းချဉ်အိုးဟု ခေါ်ဆိုနိုင်သော အိုးကလေးကို ဘေစင်ထဲ အလျင်အမြန် ချ... ကြောက်အားလန့်အားနဲ့ အဖုံးဖွင့်ပြီး ရေလောင်းချလိုက်တဲ့ အချိန်မှာတော့... `ဟုတ်´ဆိုနဲ့ အသံအတူ လွင့်တက်လာတဲ့ မီးခိုးလုံးမဲမဲကြီး... `ကျစ်´ဆိုတဲ့နောက်တစ်သံနဲ့ အတူ အိုးအဖုံးလေးက မှန်တွေက ဘေစင်ထဲမှာ တစ်စစီ...။ မှန်တွေကို ဂရုမစိုက်နိုင်သေးပဲ... ပြတင်းပေါက်ကနေ အလုံးအရင်းနဲ့ တိုးထွက်သွားတဲ့ မီးခိုးလုံးနောက် အမီလိုက်ပြီး... ပြတင်းပေါက်နားမှာ ၃မိနစ်လောက် လူမြင်အောင် လူလုံးထွက်ပြ...။ ဘာမှ မဖြစ်ဘူး အေးဆေးဆိုတဲ့ အထာပေါ့...။ မတော်လို့ မီးခိုးလုံးကြီးထွက်လာတာမြင်တဲ့လူက မီးလောင်တယ်ထင်ပြီး တိုင်တောနေမှဖြင့်...။ နောက်မှ မလိခတို့ဥာဏ်ကျယ်ပြီး ခြစ်ခြစ်တောက်ပူနေတဲ့ ဖန်အဖုံးကို ရေနဲ့ လွတ်ရာမှာ မထားမိလို့ ကွဲသွားတဲ့ မှန်ကွဲစတွေကိုသိမ်းရတယ်။ အထဲက non stick သားတွေကွာ ကင်ပွန်းချဉ်ရွက်တွေ တူးပြီး ချိုးကပ်နေတဲ့ အိုးကလဲ မယ်လမင်းမီးလောင်တဲ့ အနံ့မျိုးထွက်နေသေး...။ သူလဲနောက်ဆုံးတော့ အမှိုက်ပုံးထဲရောက်သွားတာပါပဲ...။

ညနေ အိမ်မှာလူဆုံတော့ မီးဖိုခန်းကို ဖြတ်သွားတဲ့လူတိုင်း... နှာခေါင်းလေး တရှုံ့ရှုံ့နဲ့... ဒီနားမှာတူးနံ့ ရသလိုလိုပဲနော် ဘာညာနဲ့ အချင်းချင်းလက်တို့ မဲဆန္ဒယူနဲ့ .... ရှုပ်နေကြတယ်။ မလိခတို့ကတော့ အေးဆေးပဲ.... ကိုယ်မဟုတ်သလို အိပ်ရာပေါ်မှာလှဲရင်း ဘလော့ဂ် အဖတ်မပြတ်ဘူး...။

ဟန်ကိုယ့်ဖို့လေ သိတယ်မလား... ကျွန်မမှာ ဘလော့ရောဂါစွဲနေတာ သူတို့သိလို့မဖြစ်ဘူးလေ...။ ရှော့ခ်ရှိတယ်...။ ;)

10 comments:

ZT said...

တူးတာလေးက ပိုပြီး စားလို့ မကောင်းဘူးလား။ :D

မလိခ said...

ကင်ပွန်းချဉ်ဟင်းရည်က အရည်ပါခမ်းပြီး အရွက်နဲ့ non stickသားနဲ့ကပ်သွားတော့ တူးတာလေးစားချင်ရင်တောင် ကျွန်မမှာ စားစရာမရှိတော့တာပါ ကို ztရယ်... :(

ကိုလူထွေး said...

အင်း ဒီလောက်ဖြစ်တာဆိုတော့ ဘာဆေးနဲ့ မှ မမှီလောက်တော့ဘူး...

သူစာကျက်ခါနီးမှ ကိုယ်အသစ်တင်မိရင်တောင်
တရာခံဖြစ်ဦးမှာပါလား ဟရို့ ....

း)

Anonymous said...

ဟုတ်တယ်၊ အဲဒီရောဂါက မသေးဘူး၊
မီးခိုးလုံးတော့ ခဏခဏ မထွက်စေနဲ့ပေါ့၊
ဒဏ်ငွေပေးနေရမယ်။

မလိခ said...

ကိုလူထွေး >> ဆေးမမှီတာတော့မပြောပါနဲ့ ကိုလူထွင်းရယ်.. မျက်ရိုးတွေကကိုက်နဲ့ ပါဝါတွေလဲတက်ကုန်ပြီထင်ပါတယ်
တရားခံတော့မရှာပါဘူး... အသစ်တင်ရင်တော့ လာမှာပဲ မတားနဲ့.. :P

အပြုံးပန်း >> :D ဒဏ်ငွေပေးရတယ်လားဟင် အမ.. အဲဒါတော့ကြောက်တယ် အဟီးးး

သီဟသစ် said...

ဟင်းအိုးချက်တာ သတိမရ..
အခန်းထဲမှာ ဘလော့အကြောင်းတွေး
ဟင်းအိုးတူးမှ လန့်အော်မိသောအခါ..
ရောဂါ...

အငဲသီချင်းကို ဖျက်ဆိုသွားပြီ ခခရေ..

ခင်မင်စွာဖြင့်
သီဟသစ်..

မလိခ said...

ကိုသီဟသစ်ရဲ့ ရောဂါသီချင်းအသစ်ကို အပီခိုက်သွားပြီ.. ကျေးဇူးပါဗျိုးးးးး :D

khin oo may said...

ဖြစ်ရလေကွယ။် ရှော့ဖြစ်နေပြီ။ (ကိုယ်ချင်းစာသံ)

သားကြီး said...

ဘလော့ရောဂါစွဲနေသတဲ့လား
ကျနော်နဲ့တူပါ၏ :)

မလိခ said...

khin oo may >> ဟီးး... ရှော့ခ်က အပြင်းစားထဲက မမရေ... :D

သားကြီး >> ဒါဆို သိုင်းကားတွေထဲက ဂိုဏ်းတူမောင်နှမဖွဲ့သလို... ရောဂါတူမိတ်ဆွေဖွဲ့လို့ရပြီ.. :D