Wednesday, March 25, 2009

အညာခရီးစဉ်မှ....

မလိခကသူရေးထားတဲ့ ပုဂံခရီးစဉ်ကို ဖတ်ပြီးထပ်ထည့်ချင်တဲ့ အကြောင်းရောတွေရှိခဲ့ရင် ထည့်ပါဆိုလို. ခု post ကို တင်လိုက်တာပါ... အလုပ်မှာ သူဌေး မရှိတုန်း ပုဂံခရီးစဉ်က ဓါတ်ပုံတွေကို ပြန်ကြည့်ရင်း စားမြုံ.ပြန်ချင်တာ လဲပါပေါ့လေ... (စားမြုံ.ပြန်တယ်ဆိုလို. နွား လို.တော့မထင်နဲ.ဦးနော်... :P)
မလိခကတော့ ဓါတ်ပုံရိုက်ဝါသနာအိုးဆိုတော့ တစ်လမ်းလုံး ဓါတ်ပုံတွေရိုက်လာတာပေါ့ရှင်...
ဇာမဏီကတော့ အစားအသောက် ၀ါသနာအိုးဆိုတော့ တစ်လမ်းလုံး အစားအသောက်အတွက် အားထုတ်တာ ဆန်းတော့မဆန်းပါဘူးနော့.... :P
အညာမှာ စားခဲ့တဲ့ အစားအသောက်တွေထဲမှာ သမုန်းရွက်သုပ် နဲ. အညာသခွားသီး ကတော့ ဇာမဏီ အတွက် အထူးအဆန်း အစားအသောက်ပေါ့ရှင်...
သမုန်းရွက်ဆိုတာဘာလဲလို.မေးခဲ့ရင် ဇာမဏီ လည်းမဖြေတတ်ဘူးရှင့်...(အပင်ကခူးတဲ့အရွက် ဆိုတာပဲ သိတာ)
ဒါပေမယ်. ဖန်စိမ့်စိမ့် အရသာနဲ. တကယ်ကို စားကောင်းတဲ့ အရွက်သုပ် ပါပဲ....
သမုန်းရွက်ရဲ. နာမည်အရှည်က သမားမုန်း တဲ့... ဆေးဖက်ဝင် လွန်းလို. သမားတော်ကတောင် မုန်းတယ်တဲ့ (သူဆေးမကုရတော့လို.လေ...)
အဲဒီ သမုန်းရွက် ကိုမြေပဲ၊ဆီချက် တို.နဲ. ရောပြီး သုပ်လိုက် တော့ ဇာမဏီ တို. ထမင်း ၃ ပန်းကန်လောက်က အသာလေး ကုန်သွားတာပေါ့ရှင်... (ဒါတောင် လျှော့ပြောထားတာ.....ထမင်းဖိတ်မကျွေးကြမှာစိုးလို. :P)
အညာသခွားသီး ကတော့လတ်လတ်ဆတ်ဆတ် ခူးထားတာကြောင့်လားတော့မသိ... ကျွတ်ပြီး အရမ်းစားလို. ကောင်းတယ်.. မြင်ဖူးနေကြ သခွားသီးနဲ. မတူဘဲ ဘူးသီးကင်းလေးနဲ.တူနေတယ်လေ...
အစားအသောက်မက်နေတာနဲ. ဓါတ်ပုံတော့ မရိုက်ဖြစ်ခဲ့ဘူး.... နောက်အခွင့်အရေးထပ်ရခဲ့ရင်တော့ ဓါတ်ပုံလေးတော့ အရင်ပြေးရိုက်ထားရဦးမှ....
ဆက်ရန်

2 comments:

Anonymous said...

ဘာမှန်းမသိတယ့် သမုန်းရွက်သုပ် ကိုစားချင်တယ်

မလိခ said...

ကုက္ကိုရွက်သုပ်လိုပဲစားကောင်းတယ်ရှင့်.. ဓာတ်ပုံမရိုက်ခဲ့ရတာ.. ခုမှစိတ်မကောင်းဖြစ်နေတာ... :(