Saturday, March 21, 2009

ကျွန်မနဲ့ စင်္ကာပူမိုး

စင်္ကာပူမိုးက တကယ်အစိုးမရပါဘူး.....ညနေတွေတိုင်းမိုးရွာရွာနေလို့ ကျွန်မထီးယူပြန်တော့ ကျွန်မထီးယူတဲ့နေ့ကျ ... မိုးကတော့အုံ့ပါရဲ့ .... ပူစပ်စပ်နဲ့မိုးကမရွာ..... တခါကလဲ မိုးရွာနေတယ်ဆိုပြီး ထီးလေးယူပြီး တိုက်အောက်ဆင်းသွားရော.... အောက်လဲရောက်ရော မိုးကတိတ်နေပြီ.... နောက်တခါက မိုးတွေတအားရွာနေတုန်း သူငယ်ချင်းက မိုးရေချိုးရအောင်ဆိုပြီး ပြောလာတယ်... ကျွန်မတို့နှစ်ယောက်က ကောင်းတာရောမကောင်းတာရော တစ်ယောက်က ဒါလေးလုပ်ရင်ကောင်းမလားလို့မေးရင်.... နောက်တစ်ယောက်က လုပ်လိုက်လေ ဆိုပြီး အတိုင်အဖောက်ညီညီနဲ့ စိတ်ထင်တာလုပ်ခဲ့ကြတာဆိုတော့ ခုလဲ ကျွန်မကထုံးစံအတိုင်း အေး...လုပ်လိုက်လေ....ပေါ့... ပြီးတော့ တီရှပ်ထူထူနဲ့ ဘောင်းဘီတိုလေးလဲပြီး တိုက်အောက်ကို ရောက်တဲ့အချိန်မှာတော့ ကိုရွှေမိုးက ခုနကသည်းကြီးမည်းကြီး ရွာတာသူမဟုတ်သလိုနဲ့ ရွာနေတာကဖွဲတဲတဲလေးရယ်....ဒီတော့ ကျွန်မတို့လဲ တပ်ခေါက်ခဲ့ရတယ်....

.ဒီနေ့ ညနေ ၃နာရီလောက်မိုးက သည်းသည်းမည်းမည်းစရွာတယ်.... ကျွန်မကလဲ သူငယ်ချင်းအိမ်ရောက်နေခိုက်ဆိုတော့..... ကျွန်မတို့ရဲ မအောင်မြင်ခဲ့တဲ့ မိုးရေချိုးခြင်းအမှုကို ထပ်မံကြိုးစားကြပါတယ်.... သည်းနေတဲ့မိုးက ကျွန်မတို့အပြင်ရောက်တော့နဲနဲစဲချင်ချင်... နောက်တော့ ပြန်သည်းလာပြန်တာနဲ့ ..နောက်ဆုံးတော့ ကျွန်မတို့ စင်္ကာပူမိုးကိုချိုးဖြစ်ခဲ့ကြပါတယ်.... မိုးရေချိုးရတာက ထီးမပါတဲ့အချိန် မိုးမိတဲ့ ဖီလင်နဲ့လည်းမတူသလို.... ရေကူးလို့ ရေချိုးလို့ ရေစိုရတဲ့ဖီလင်နဲ့လည်း မတူပါဘူး.....ချိုးဖူးတဲ့သူတွေသိကြမှာပါ..... ဒါပေမဲ့ ငယ်ငယ်တုန်းကလောက် ပျော်ဖို့မကောင်းတော့တာကတော့ အမှန်ပဲ ....... အဲဒါ....ကျွန်မတို့အသက်တွေပဲကြီးလာလို့လား.....ဒါမှမဟုတ်.... မိုးရေမချိုးဖြစ်တာပဲကြာသွားလို့လား (ငါးနှစ်လောက်ရှိတော့မယ်ထင်ပါတယ်)....... ဒါမှမဟုတ်..... စင်္ကာပူမိုးကရန်ကုန်မိုးနဲ့မတူလို့လား......... ကျွန်မသေသေချာချာမသိပါဘူး.......

တခြားငယ်ငယ်တုန်းက ကစားခဲ့တဲ့ကစားနည်းတချို့ကို ပြန်ကစားကြည့်ချင်ပါသေးတယ်..... အရင်တုန်းကလောက် ပျော်ဖို့ကောင်းသေးရဲ့လား... သိချင်လို့ပါ......

3 comments:

Anonymous said...

စင်ကာပူမိုးက အရသာ တစုံတရာ မပေးခဲ့လေဘူးလား၊
အသက်အရွယ်၊ အချိန်အခါနဲ့ ဆိုင်မယ်ထင်ပါတယ်၊ ပျော်ရွှင်မူတွေ မတူညီတော့တာလည်း ဖြစ်နိုင်ပါတယ်၊
ဒါကြောင့်လည်း စိုင်းထီးဆိုင်ရဲ့ “ပျောက်ဆုံးသွားသော နိဗ္ဗာဘုံ” သီချင်းလေးက ခံစားလို့ကောင်းနေတာ ဖြစ်မယ်နော်။

မလိခ said...

အင်း ဟုတ်မယ်ထင်တယ် အပြုံးပန်းရေ......

strike said...

အပြုံးပန်းပြောတာမှန်နိင်တယ် ညီမရေ။