မြင်းခြံက မောင်ရင်ပေါ်ချောက်ကျောင်း (စွန်းလွန်းဆရာတော်ဘုရားကြီး ဦးက၀ိ တရားထူးရခဲ့တဲ့နေရာ) ကိုဝင်ပြီး မောင်ရင်ပေါ်ချောက်ကျောင်းဆရာတော်ဘုရားကြီးကို ၀င်ဖူးခဲ့ကြပါသေးတယ်.... ပြီးတော့ မြင်းခြံက အဒေါ်အိမ်နဲ့ နွားထိုးကြီးက ဦးလေးအိမ် ခဏ၀င်လည်ပြီးမန္တလေးကို ဆက်ခရီးထွက်ခဲ့တယ်.... ညနေလေးနာရီလောက် မှာတော့ ကျွန်မတို့ကားလေးက မန္တလေးဘက်ကိုချိုးရမဲ့ လမ်းဆုံကိုရောက်လာပါပြီ.... အဲဒီမှာ.... ကားက မန္တလေးသို့ဆိုတဲ့လမ်းညွှန်ဆိုင်းဘုတ်ကို လျစ်လျူရှုပြီး လမ်းကျဉ်းလေးတစ်ခုထဲဝင်လာတယ်....
နောက်ဆုံးမှာ ကျွန်မတို့ကားလေးရပ်သွားတဲ့နေရာမှာ အောက်ဆင်းကြည့်လိုက်တော့ ၀ယ်သူမရှိတဲ့ ဈေးဆိုင်တန်းတချို့.... ဖေဖေနဲ့မေမေ တက်သွားတဲ့ အုတ်ဝါ၀ါလမ်းကလေးကို လိုက်တက်ရင်း ကျွန်မတို့ ဘယ်နေရာပါလိမ့်လို့ ဇဝေဇ၀ါဖြစ်နေတုန်း.... ရေနံဂျီးဝနေတဲ့ ဖွင့်လျက်သား သစ်သားတံခါးတစ်ခုနားမှာရေးထားတဲ့ ဆိုင်းဘုတ်က `မဟာအောင်မြေဘုံစံကျောင်းတော်ကြီး´တဲ့... ဒါဆိုမယ်နုအုတ်ကျောင်းပေါ့ဆိုပြီး ၀မ်းသာအားရ နဲ့ ၀င်းထဲကိုဝင်လိုက်တော့... အုတ်ကျောင်းဝါ၀ါကြီးက ခန့်ခန့်ညားညားကြီးဆီးကြိုတယ်.... ရုပ်ရှင်တွေ ဓာတ်ပုံတွေထဲမှာ မြင်ဖူးနေကြအတိုင်းပါပဲ... (ကျွန်မရဲ့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းပါ...) ပိုတာက .... ကျွန်မတို့ကိုကြိုတာ.. အုတ်ကျောင်းကြီးတင်မကပဲ..... အုတ်ကျောင်းကြီးထဲက (ဘယ်က စစ်ဂနယ်ရလို့ မှန်းမသိ) ပြေးထွက်လာတဲ့ ကလေး အယောက် ၂၀လောက်ပါပဲ.... အတင်းပဲလက်လိုက်ဆွဲပြီး ရှင်းပြမယ်ချည်းလုပ်နေတယ်... ဖေဖေက မေးချင်ရာလျှောက်မေးပြီး တခြားကလေးတွေက ဖေဖေ့နောက်ပါသွားပေမဲ့... ဆိုးတာက ၁၀နှစ် ၁၁နှစ်အရွယ်ကောင်မလေးတစ်ယောက်.... ကျွန်မကဓာတ်ပုံတွေလျှောက်ရိုက်နေတုန်း ဘေးနားမှာရပ်နေတဲ့ ဇာမဏီ့ဆီမှာ မုန့်ဖိုးတောင်းပါတယ်..... တခြားကလေးတွေလို တခုခုကိုရှင်းပြပေးမယ်ဆိုပြီး အပေးအယူသဘောနဲ့ တောင်းတာမျိုးမဟုတ်ပါဘူး... သူတောင်းစားပိုက်ဆံတောင်းသလိုတောင်းတာပါ... (သူတို့ရဲ့အပြစ်ထက်ကို... အခြေအနေအရပ်ရပ်ရဲ့ ဖိအားတွေကြောင့်ကလေးတွေ ဒီလိုဖြစ်လာတယ်ဆိုတာကို နားလည်သနားမိပေမဲ့.... စိတ်တိုခဲ့တာတော့လည်းအမှန်ပါ...).. စိတ်တိုတဲ့ကြားထဲကရယ်စရာကောင်းတ
ခုရောက်ပြန်တော့... မှောင်တော့မှာဆိုတော့ ကျောင်းကြီးအနှံ့မရောက်ဖြစ်ပဲ... ရှေ့ပိုင်းနည်းနည်းလောက်သာ ဖုတ်ပူမီးတိုက် ဓာတ်ပုံတချို့ရိုက်လိုက်ရသည်......သူ့အကြောင်းရေးထားတာကိုတောင်ပြီးအောင် မဖတ်ဖြစ်ပဲ နောက်မှဖတ်လို့ရအောင်ဆိုပြီး ဓာတ်ပုံပဲရိုက်ယူလာခဲ့ရသည်.....ကျောင်းတိုင်လုံးကြီးတွေကြီးတာကတော့ ကျွန်မလက်နဲ့ တစ်ဖက်စာမကပါဘူး..... ပန်းပွတ်လက်ရာတချို့ကိုလည်း.... တတ်သလောက် မှတ်သလောက် လက်စွမ်းပြ ရိုက်ယူခဲ့ပါသေးတယ်.... သွားရတဲ့လမ်းလေးတွေ ဆိုးတာကလွဲရင် တကယ်သာယာပြီး
ပြီးတော့.... မန္တလေးကိုခရီးဆက်ခဲ့ကြတယ်.... ခရီးစဉ်ထဲမှာမပါပဲ မထင်မှတ်ပဲရောက်ခဲ့ရတဲ့နေရာလေးတွေပါ.... နောက်ကျွန်မစဉ်းစားမိတာက... ဒီနေရာလေးတွေကို... ပြုပြင်တာမဟုတ်ပဲ ထိန်းသိမ်းရုံပဲထိန်းသိမ်း.. ပြီးတော့ လမ်းကလေးတွေ ပိုကောင်းသွားရင်.... (ဟုတ်ကဲ့.. ဒီလောက်ပါပဲ.... ).... ကျွန်မကလမ်းတွေကိုသေချာမသိပေမဲ့ မန္တလေးကို ကျွန်မတို့ အမရပူရမြို့ဘက်က ၀င်လာကိုတော့ လမ်းညွှန်ဆိုင်းဘုတ်တွေက တဆင့်သိလိုက်ရတယ်.. မြို့ထဲကိုဝင်လာတာနဲ့ တနေ့လုံးလယ်ကွင်းတွေ နေကြာခင်းတွေ... သစ်ပင်တွေ.. ထန်းတောတွေနဲ့ တိတ်ဆိတ်ခဲ့တဲ့ ဟိုင်းလပ်စ်နောက်ခန်းက ကျွန်မတို့သုံးယောက်ရဲ့ကမ္ဘာလေး... ကားသံ လူသံ ဟွန်းသံ ကားအိတ်ဇောနံ့တွေနဲ့ မွန်းကျပ်ဆူညံသွားပါတော့တယ်.... ညမှောင်မှောင်မှာ.. ကားတွေကပိတ်ပြီး ကျော်တက်လို့မရပဲ တရွေ့ရွေ့နဲ့သွားနေရတဲ့ကြားထဲ..ကားမီးကြီးကို လုံးဝချမပေးပဲ နှစ်မိနစ်ခြားတခါလောက်ဟွန်းတီးတဲ့ ဂျစ်ကားတစ်စီးက ကျွန်မတို့ကားနောက်က ထပ်ချပ်မခွာပါလာလေတော့ ....ကျွန်မတို့ သုံးယောက်မှာတလမ်းလုံး ဟိုင်းလပ်စ်နောက်ခန်းကို မီးထိန်ထိန်လင်းနေတဲ့ ဇာတ်ခုံလိုသဘောထား ကားဟွန်းသံကို ဆိုင်းသံဗုံသံလို့အောက်မေ့ပြီး... ညစ်ညူးနေတဲ့ စိတ်ကို မနည်းဖြေဖျောက်ခဲ့ရတယ်......အဲဒီလို ၄၅မိနစ်လောက်သည်းညည်းခံပြီးမှ.... မန္တလေးမြို့လယ်က ကျွန်မတို့တည်းမဲ့ဟိုတယ်ကို ရောက်လာပါတယ်..... တခြားလူတွေပစ္စည်းတွေချနေတုန်း ကျွန်မကို အခန်းဘွတ်ကင်လုပ်ထားတာ... သွားမေးပြီး သော့သွားယူချေတော့ဆိုလို.... ဧည့်ကြိုကောင်တာကို ထွက်လာတော့ ကြုံရတာက.... ဖုန်ရောင်ထပြီး လေတိုက်ထားလို့ဖွာလန်ကြဲနေတဲ့ဆံပင်.... ဒါဘာအရောင်လဲလို့မေးရလောက်အောင် ကာလာအောက်သွားတဲ့ ရှည်ကြောပြီး ၀တ်လာတဲ့ အနက်ရောင်အင်္ကျီ..... ဟန်းတန်း ကာကီရောင်ဘောင်းဘီတို....ဖုန်အလိမ်းလိမ်းကပ်နေတဲ့ ခြေထောက်တစ်စုံ... ပြီးတော့ စင်္ကာပူစတိုင်လ် (အဖေပြောတဲ့...ရေချိုးခန်းစီး) ရာဘာဖိနပ်.... အဲဒါတွေအားလုံးပေါင်းလိုက်တော့ ရလိုက်တာက မယုံသင်္ကာအကြည့်တွေပါပဲ...(အားကြီး ရင်နာတယ်... အဟင့်...)... နောက်ဆုံးတော့ ဘွတ်ကင်လုပ်ထားတဲ့ဖေဖေ့နာမည် အတင်းပြော.... ဖေဖေကလည်းရောက်လာ.... အဲဒီတော့မှပဲ အဆင်ပြေသွားပြီး ကျွန်မတို့ ခေါင်းလျှော်ရေချိုးအနားယူအိပ်စက်စရာ နေရာလေးရသွားပါတော့တယ်.....
ဆက်ရန်