Thursday, August 27, 2009

မိဘပြည်သူ အပေါင်းအား အနူးအညွှတ် တောင်းပန်ပါကြောင်း

သို့
ချစ်ရခင်ရပါသော အစ်ကိုကြီး အစ်မကြီး မောင်လေး ညီမလေးများနှင့် သူငယ်ချင်းများ

အကြောင်းအရာ။ ။ ၀တ္တရားပျက်ကွက်မှုကို ကြေအေးပေးပါရန် အနူးအညွှတ်တောင်းပန်ခြင်း.


ကျွန်မ မလိခသည် (ဟီး...)... မည်သူ တစ်စုံတစ်ဦးကိုမျှ အသိပေးကြေညာမောင်းခတ်.. တိုးတိုးတိတ်တိတ် နှစ်ကိုယ်ကြား ပြောကြားခြင်းမရှိပဲ.. မိမိ ( ဟိုလေ... မိမိဆိုတာ မိမိကို ပြောတာ မဟုတ်ဘူးနော်... မလိခကို ပြောတာ.. ဟဲ).. အဲ... မိမိ၏နေအိမ်မှ ရုတ်တရက်ပျောက်ဆုံးသွားမိပါသည်...။ ထို့အပြင် (ထို့ ရဲ့ အပြင်ဘက် လို့ ပြောတာ မဟုတ်ဘူးနော်... အဲဒါတွေ အပြင်....အဲ... ရှင်းတတ်တော့ဘူး...ဟိ).... လာရောက်လည်ပတ်သော ညီအစ်ကို မောင်နှမ သူငယ်ချင်းများကိုလည်း.. စီဘောက်စ်ထဲလောက်တောင် လာရောက် ဧည့်ခံခြင်းမရှိပဲ မျက်နှာလွှဲခဲပစ်လုပ်ထားမိပါသည်...။
ထိုထို အပြစ်ကြီးငယ် အသွယ်သွယ်တို့မှ ခွင့်လွှတ်ကြေအေးပါရန် ကျွန်မ မလိခမှ အနူးအညွှတ်တောင်းပန်အပ်ပါသည်....။

ပုံ
မလိခ (နိပ်ဟ... အဟီး) (တကယ်က မျက်နှာငယ်လေးနဲ့ပါ...မကျည်းရွက်လောက်ကလေးရယ်...)



ဟဲ.... အပေါ်က formally တောင်းပန်စာ....
ကိုကြီး မကြီး နဲ့ မောင်ရေး ညရေးတို့ရေ.... ခွင့်လွှတ်နော်... နော်.. နော်...
အဟဲ... တောင်းသာ တောင်းပန်ရတယ် အားကသိပ်မရှိဘူး... လုပ်ချင်တာလုပ်ပြီးမှ ဒီလိုတောင်းပန်ရုံနဲ့ ကျေအေးရမှာလားဆိုပြီး ပိုစိတ်ဆိုးကုန်မှာလဲကြောက်ပါတယ်..ဟဲ

တကယ်ကဒီလို.... ဟီးး
ကျွန်မ ဒီနှစ်စမှ ကျောင်းပြီးတာကို ပြောပြဖူးမယ်ထင်ပါတယ်... ။ မြန်မာနိုင်ငံက ဒီမှာ ပိုလီလာတက်သမျှက engineering ဒါမှ မဟုတ်ရင် IT ယူကြလေ့ရှိတာ အားလုံးသိမှာပါ...။ ကျွန်မလည်း သိပါတယ်..။ ဒါပေမဲ့ ကျွန်မက အားလုံးသိတဲ့အတိုင်း.. နည်းနည်း အရစ်ရှည်ပါတယ်..။ သူများနဲ့ မတူအောင်နည်းနည်းတော့ ကွန့်လိုက်ရမှ ကျေနပ်တယ်...။ အဲဒါနဲ့ပဲ... ကျွန်မကျောင်းမှာတောင် ကျွန်မရှေ့ စီနီယာရော ကျွန်မနောက် ဂျုနီယာရော... ကျွန်မနဲ့ တစ်နှစ်ထဲမှာပါ ဘယ်မြန်မာမှ မယူတဲ့ ဘိုင်အိုတက်ကနိုလောဂျီ ဆိုတာကြီးကို ဂုဏ်ယူစွာနဲ့ သုံးနှစ်တိတိ သင်ကြားခဲ့ပါတယ်( ဘာမှ တော့ မတတ်ခဲ့ပါဘူး...ဟဲ)...။

အဲ... ဇာတ်လမ်းက အဲဒီမှာ စပါတယ်...။ အလုပ်တွေရှားနေပါတယ် ဆိုတဲ့ အချိန်မှာ ကျောင်းပြီးပေမဲ့... အင်ဂျင်နီယားရင်းတို့ ဘာတို့ကို မြန်မာ အချင်းချင်းလက်တို့ ပြီးခေါ်လို့ အလုပ်အသီးသီး ရသွားကြတဲ့ အချိန်ထိ... မလိခတို့က ဖတ်သီဖတ်သီ နဲ့ စနေနေ့ သတင်းစာကို အားကိုးနေရတုန်း..။ တွေ့တဲ့ ကြော်ငြာကလဲ အင်ဂျင်နီယားရင်းနဲ့ အိုင်တီ...။ ကိုယ်နဲ့ပတ်သက်တဲ့ အလုပ်ကျတော့လဲ ရီကွိုင်းယားမန့်က ပီအိတ်ဂ်ျဒီကကို မဆင်းဘူး...။ အဲဒီတော့လဲ ပျော်ပျော်ကြီးစောင့်ပေါ့...ဟဲဟဲ...။ကိုယ်ကလဲ ဒီအလုပ်ပဲလုပ်ချင်တာကိုး... ဆေးလ်တို့ဘာတို့ကြတော့လဲ... အပြောချိုချို မျက်နှာချိုချို မလိခလို ရုပ်နဲ့ဆို ဘယ်လိုမှကို မဖြစ်...။ အလုပ်သာမရှိတယ်.. သူများဘလော့ဂ်လေးလည်လိုက် ကိုယ့်ဘလော့ဂ်မှာ ပေါက်တတ်ကရတွေရေးလိုက်နဲ့... ကျေနပ်နေတုန်း...။

တစ်နေ့ မနက်မိုးလင်း အိပ်ရာထတော့... အလိုလိုနေရင်း စိတ်က ဒေါင်းနေတယ်...။ ဘာမှ လဲ လုပ်ချင်စိတ်မရှိဘူး...။ အဲဒီကနေ စတာပါပဲ ပြောရရင်တော့....။ ပြီးတော့ မဆီမဆိုင်... ငါ ဘလော့ဂ်နဲ့ပဲ အချိန်ကုန်နေလို့ အလုပ်ကောင်းကောင်း မရှာဖြစ်တာလားမသိဘူး... အလုပ်ရမှ ဘလော့ဂ်ပြန်ကိုင်မယ်ကွာ...ဆိုပြီး... အစိမ်းဖြတ် ဖြတ်ပစ်လိုက်တာပါ....။

ဟဲဟဲ.. ခု ပြန်ရောက်လာပြီဆိုတော့... မလိခလေးများ သူရချင်တဲ့ အလုပ်ရသွားရှာပြီလားဆိုပြီး ၀မ်းသာပေးမဲ့ ညီအစ်ကို မောင်နှမတွေရှိရင် ကျေးဇူးပါ...။ မလိခကတော့ အလုပ်မရသေးပါဘူး....။ ဒါပေမဲ့ ... အပြောချိုချို မျက်နှာချိုချိုနဲ့ မလိခလေး ဘယ်တော့မှ မလုပ်ချင်ခဲ့တဲ့ အားကြီးမုန်းတဲ့ ဆေးလ်ဂဲလ်ဆိုတဲ့ အရောင်းသမ အလုပ်ကိုပဲ လုပ်ပြီး... ဘလော့ဂ်ဆက်ရေးပါဦးမယ်လို့..... ဟီးးး

်ခင်တဲ့
မလိခ

8 comments:

ကိုလူထွေး said...

ဝေးးးးးးးးးးးးးးးးးးးးးးးးးးးး
မလခိ.. မလိခ ပြန်လာပြီကွ.....................

ဘာပဲလုပ်လုပ် အလုပ်ရှိတော့ ကောင်းတာပေါ့...
ဘာပဲဖြစ်ဖြစ် အနည်းဆုံး ဘလော့လည်လို့ရသွားပြီ...း)
ဒါလဲ အမြတ်တခုပါပဲလေ...

အလုပ်မရမချင်း ဘလော့မရေးဘူးဆိုတဲ့ အဓိဋ္ဌာန်နဲ့ စိတ်ရှည်ရှည် သည်းခံစောင်နေနိုင်ခဲ့တဲ့အတွက် လေးစားပါတယ်...

ပြန်လာပြီဆိုလို့ တကယ်ဝမ်းမြောက်မိပါတယ်...

အကိုလူထွေး

မလိခ said...

အဟီး ဦးဦးဖျားဖျား လာအားပေးတာ ကျေးဇူးတင်ပါတယ် ကိုလူထွင်းရေ.. ဟဲဟဲ
အားကြီး အများကြီး ကျေးဇူးပါ... :D

မြစ်ကျိုးအင်း said...

အလုပ်တခုရသွားပြီဆိုလို့ ကာယကံရှင်နဲ့အတူ ပီတိ ဖြစ်ရသလို ဘလော့ပေါ်မှာ ပြန်မြင်ရလို့လည်း ကျေနပ်မိတယ်...။
ရေးသာရေး အားပေးတယ်။
အတွေ့အကြုံတွေလည်း ဝေမျှလို့ရတာပေါ့...။

ZT said...

စိတ်ရှည်ရှည် ထားပါ။ နောက်ဆို ဘိုင်အိုတက်ခ် ခေတ်ဖြစ်လာမှာ။ သန္ဓေဆဲလ်ကို ပြင်လိုက်လို့ အတောင်ပံ ထွက်လာတာတွေ၊ ဦးနှောက်လှိုင်းကို ဖတ်ပြီး ဘာညာသာရကာ လုပ်တာတွေ ဖြစ်လာတော့မှာပေါ့။ (ဟိုနေ့က ဘိုင်အိုတက်ခ် ဒေါက်တာ တစ်ယောက် ပြောပြတာ ကြားလာတာ။ ဟီးဟီး။) မလိခတို့ ဘော့စ်ဖြစ်မှ မေ့မသွားနဲ့။ :D

နွေးနေခြည် said...

ခခရယ်.. ဖြစ်ရမယ်..
ရေးထားတာ ရီလိုက်ရတား)
အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့
စေတနာထားပြီးသာလုပ် အားပေးတယ်။
သူမျာသာပြောနေတာ.. နေခြည်လည်း ဘလော့ဘက်မလှည့်တာ အတော်ကြာပီ (တပတ်ကျော်ကျော်) ဟိဟိး)

မိုးကောင်းသူ said...

ဘာအလုပ်ဖြစ်ဖြစ် အလုပ်ရှိနေတာက ကောင်းပါတယ် မလိခရေ။ ကြိုဆိုပါတယ်နော်။

မလိခ said...

မြစ်ကျိုးအင်း >>> အားပေးတဲ့အတွက် ကျေးဇူးပါ ကိုမြစ်ကျိုးရေ... အလုပ်ကတော့ ရသေးဘူး... ဟဲဟဲ... လျှောက်ထားတုန်း....

ZT >>> ဟဲဟဲ.. ကျွန်မသာဆို တောင်ပံသာမဟုတ်ဘူး... အမြီးတွေဘာတွေပါ တပ်ပေးရင် ကောင်းမလားလို့.. အဟီး... အားပေးတဲ့ ကိုဇီတက်ကို မလခိက ကျေးဇူးတင်ပါတယ်လို့... ဟဲဟဲ..

နွေးနေခြည် >>> အဲဒီအလုပ်ကို မကောင်းဘူးထင်လို့မဟုတ်ပါဘူး နေခြည်ရယ်... မလိခတို့က စကားပြောခပ်ကောင်းကောင်းဆိုတော့ ၀ယ်သူတွေ စိတ်ညစ်မှာစိုးလို့ပါ..ဟီး... ကိုယ့်အ၇ည်အချင်းကို သိနေလို့လေ... ဟဲဟဲ..လာအားပေးတာ အားကြီးကျေးဇူးတင်တယ်နော်.. အားရှိသွားပြီ..

မိုးကောင်းသူ >>>ဟုတ် မမ... အလုပ်ရှိအောင်နေတော့မယ်... ဟဲ.. မဟုတ်ဆို အားကြီးစိတ်လေတယ်... ဟဲ... ကျေးဇူးပါ မမ..

Anonymous said...

မလိခရေ၊ အားပေးလျှက်ပါ၊ ဆက်ရေးပါ။ အလုပ်လည်းလုပ်၊ စာလည်းရေးပေါ့၊ ပျောက်နေတာကြာလို့ စိတ်ပူသွားတာပါ။ ခုတော့ ပျော်သွားပြီ