သူများဘလော့တွေမှာ ဘယ်သူကတော့ ဘယ်သူနဲ့ခင်လို့ ဘယ်သူ့အကြောင်းပြုပြီး ဘလော့လောကထဲ ရောက်လာတာတို့..... ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ကွန်မန့်တွေမှာ စိတ်မဆိုးစတမ်း စကြနောက်ကြ ... အားပေးကြ.... အကြံပေးကြနဲ့မြင်ရတော့ ကျွန်မ တကယ်... အားငယ်ပါတယ်..... ကျွန်မရဲ့ စီဘောက်စ်ဆိုတာကလဲ.... တစ်မျက်နှာတောင်မပြည့်တဲ့ဟာရယ်..... အားငယ်လိုက်တာ တကယ်ပါ.....
ဘလော့ဂ်ဆိုတာ ဘယ်လိုဟာမျိုးလဲဆို ကျွန်မတကယ်မသိခဲ့တာပါ.... ကွန်ပျူတာနဲ့ပတ်သက်ရင် သိပ်စိတ်မ၀င်စားတာကြောင့်လဲ ပါပါတယ်..... တနေ့ ကျောင်းကလည်းပိတ်.. အလုပ်ကလဲ မရှိတဲ့နေ့... ကျွန်မအခန်းဖော်က မုန့်ဟင်းခါးချက်တော့ သူ့သူငယ်ချင်းတွေနဲ့ အိမ်မှာလူစုံနေပါတယ်... (အဲဒီတုန်းက ကျွန်မက ဘာမှမချက်တတ်တော့ တောက်တိုမယ်ရပဲ ကူနိုင်ပါတယ်.... ခု ကျွန်မစားလို့ရအောင်တော့ ချက်တတ်နေပါပြီ.. ကျွန်မမောင်တွေကိုတော့ စားချင်စား မစားချင်နေဆိုပြီး ကြေညာထားလို့ သူတို့ကတော့ အပြင်မှာပဲစားကြတာများပါတယ်..).... ။ လူတအားများရင် ကျွန်မကမနေတတ်... ပြီးတော့ သူတို့စကားဝိုင်းထဲကလဲ ကျွန်မသိပ်စိတ်ဝင်တစား မရှိလှတဲ့အကြောင်းတွေ.... အခန်းထဲမှာနေရအောင်ဆိုတော့လဲ အိပ်ခန်းရောဧည့်ခန်းရောလူကအပြည့်..... အဲဒီမှာ အာရုံလွှဲလို့ရအောင် ကွန်ပျူတာကို ဟိုကလိဒီကလိလုပ်ရင်း... ဂျီမေးလ် sign in လုပ်တဲ့ စာမျက်နှာက ဘလော့ဆိုတာကို ၀င်ကလိရင်းက မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တာပါပဲ.... (တော်တော်လေရှည်မိပြီ.... အဟီး).... ဒါတောင် မြန်မာဖောင့်မရှိလို့ ၃ ၄ရက်လောက်ဟိုကလိဒီကလိ လုပ်ရသေးတယ်.... ကျွန်မသူငယ်ချင်းတွေထဲမှာလဲ ဘလော့ကိုစိတ်ဝင်စားတဲ့သူမရှိတာကြောင့်လည်း တော်တော် အချိန်ကြာခဲ့ရတာပါ.... ပြီးတော့ ပို့စ် ၂ခုလား ၃ခုလားပဲတင်ရသေးတယ်... စာမေးပွဲနဲ့ ဘာရေးရမှန်းမသိတာနဲ့ ပစ်ထားမိတာ အကြာကြီး..... နောက်ဂျီတော့ကသူငယ်ချင်းတစ်ယောက်က သူ့ဘလော့ကိုလာလည်ပါဆိုမှ ကျွန်မမှာလဲ ဘလော့ရှိတာကို သတိရတယ်.... ဒါပေမဲ့ ခုလောက် ဘလော့အများကြီးကို မဖတ်ဖူးတော့ ဘာရေးလို့ရေးရမှန်းမသိ ယောင်လည်လည်နဲ့ ပစ်ထားမိပြန်ရော...... အဲဒါတွေကြောင့် ကျွန်မရဲ့ဘလော့လေးက အသက်ကြီးပေမဲ့ အချိန်မစီးသလိုဖြစ်နေပါတယ်.... (ဘာမှ မရှိလို့ပါ..) ခုကျောင်းကလည်းတက်စရာမလို အလုပ်ရှာတယ်လို့ အကြောင်းပြပြီး အားယားနေတော့မှ သူများဘလော့တွေ ဖတ်ပြီး ဘလော့ဆိုတာ ဒါပါလားလို့ ခပ်ရေးရေး သိလာမိတာပါ....
ကျွန်မကြိုးစားပြီးရေးပါ့မယ်.... အမှားပါခဲ့ရင် ဒါမှမဟုတ် အမြင်မတော်တာရှိရင် ၀ိုင်းဝန်းအကြံပေးကြပါလို့..... ပြီးတော့ အားရင်လဲ လာလည်ပေးကြပါလို့......ကျွန်မ တကယ်အားငယ်တတ်လို့ပါ....
5 comments:
ဟင်.. မရေးတတ်ဘူးသာဆိုတယ် ရေးထားတာလည်း ဟုတ်လို့ပါလား...
အားမငယ်နဲ့ မေခ လုပ်ပေးမယ်း)
ပက်စက်လိုက်တာ June 08..ထဲကပြစ်ထားလိုက်တာ
..နေ့စဉ်ဖြစ်တာလေးတွေရေးရင်တောင်ဖတ်လို့ကောင်းမှာ...ရေးပါဗျ
ကျေးဇူးပါ.. :)
ဖတ်လို့ကောင်းပါတယ်.. တကယ်ပြောတာ... စာရေးကောင်းတယ်...။
ကျေးဇူးတင်ပါတယ်ရှင့်... ရေးသာရေးရတယ်.. ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ဆိုတော့... ဖတ်တဲ့လူတွေကို အားနာတယ်.. :)
Post a Comment