မနေ့ညက မနက်ဖြန်ဧပရယ်ဖူးလ်ပဲဆိုတာ သတိရမိပေမဲ့.... ဒီနေ့ကျတော့ ထုံးစံအတိုင်း အိပ်ရာထနောက်ကျတာနဲ့ သွားစရာရှိတာ ကသုတ်ကရက်သွားရတာနဲ့... ဧပရယ်ဖူးလ်ကိုမေ့သွားတယ်.......
ပြန်ရောက်တော့ ဘလော့လေးထဲ ဘာများထူးသေးလဲဆိုပြီး ၀င်ကြည့်နေတုန်း.... ရယ်စရာတွေရေးတတ်တဲ့ ကိုရင်ညိန်းရဲ့ ဘကုန်း(blog) ကျေးရွာမှ အပြီးတိုင်ထွက်ခွာခြင်း ဆိုတဲ့ ပို့စ်ခေါင်းစဉ်ကိုမြင်လိုက်တော့..... ဟယ် ဘာဖြစ်လို့ပါလိမ့် ဆိုပြီး (စာရေးကောင်းတဲ့ ဘလော့ဂါတယောက်....ပြီးတော့ အညာရွာအကြောင်းလေးတွေ ရေးလို့လဲသဘောကျတာကြောင့်...) စိတ်မကောင်းဖြစ်တာရော... အဘယ်သို့သောအကြောင်းကြောင့်နည်းဟု စပ်စုချင်တာကြောင့်ရော.... ကိုရင်ညိန်းရဲ့ဘလော့ကို ၀င်ကြည့်လိုက်ပြီး..... ပထမဆုံး ကွန်မန့်ကိုဖတ်ပြီးချိန်မှာ... ငါတော့ခံလိုက်ရပြီဆိုတာ..... သဘောပေါက်သွားရတယ်.... ဒီနေ့ ဧပရယ်ဖူးလ်ပဲ ဆိုတာကို သတိရသွားတယ်.....
ဒါတောင် အမှတ်ကမရှိဘူး.... ဖြစ်ပုံက... မခင်ဦးမေ ဘလော့ကနေတဆင့်....zt ဆိုတာတွေ့တယ် သူများဘလော့ရဲ့ ကွန်မန့်တွေမှာမြင်ဖူးနေကျနာမည်ဆိုတော့ ၀င်လည်ကြည့်လိုက်တယ်..... ၀မ်းသာစရာ သတင်းကောင်းများတဲ့.... ခေါင်းစဉ်က...။.မလိခတို့က နှစ်ခါမဆွယ်ရဘူး ဒါမျိုးဆို.... ၀မ်းသာအားရနဲ့ကို ဖတ်ပစ်လိုက်တာ..... ဖတ်ရင်းဖတ်ရင်း ၀မ်းသာလွန်းလို့ ရင်ထဲမှာတောင် တလှပ်လှပ်နဲ့ .... နောက်ဆုံးအပိုဒ်ရဲ့ ပထမဆုံး စာကြောင်း `အခု ပြောသွားတဲ့ သတင်းတွေက တကယ့်ကို မယုံနိုင်စရာပါပဲ´ ဆိုတဲ့အထိ... မလိခတို့ကယုံတုန်း...... ဧပရယ်ဖူးလ်ဆိုတာလဲ ထပ်မေ့သွားသေးရဲ့..... နောက်ထပ်စာကြောင်းတစ်ကြောင်းထပ်ဖတ်ပြီးတော့မှ..... သဘောပေါက်လိုက်မိတော့တယ်.... ၁၅မိနစ်လောက်အတွင်းမှာ ၂ခါလောက်အရူးလုပ်ခံသွားရတော့ ကိုယ့်ဘာသာအားပေးနေပေမဲ့ ရင်ထဲကတော့ အောင့်တာပေါ့.... နော့်...
နောက်....ညနေက အဖြစ်ကိုသတိရသွားမိတယ်.... ကျွန်မ အိမ်ကနေ mrt station ကိုသွားရင် မီးပွိုင့်တခုကို ဖြတ်သွားရတယ်... လမ်းကူးပြီးတဲ့ အချိန်မှာ..`ဟေး´ ဆိုတဲ့ အသံအကျယ်ကြီးကြားလိုက်ရတယ်.. အမှတ်တမဲ့လှည့်ကြည့်လိုက်တော့ ကျွန်မ ဖြတ်ခဲ့တဲ့ လမ်းတလျှောက်လျှောက်လာတဲ့ အသက် ၄၀ကျော်အရွယ်လူတစ်ယောက်.. အဲဒီနားမှာက ကျွန်မရယ် Indianလူမျိုးတစ်ယောက်ရယ်ပဲရှိတာ... အဲဒီလူကလည်း.. ခဏလှည့်ကြည့်ပြီး သူနဲ့မဆိုင်သလို အေးအေးဆေးဆေးသွားနေသည်... ဒါဆိုကျွန်မ ကိုခေါ်တာလား.... ကျွန်မ လဲအဲဒီလူကိုမသိ... နောက်တစ်ခေါက်လှည့်ကြည့်တော့ `ဟေး´လို့ထပ်အော်ပြီး... လက်လှမ်းပြသည်... ပြီးတော့ အဲဒီလူပုံစံက အသားညိုညို .. မုတ်ဆိတ်မွေးတွေနဲ့ ရုပ်ကညှင်းသိုးသိုး... ညစ်တီးညစ်ပတ်လဲနည်းနည်းနိုင်သည်... ၀တ်ထားတဲ့ အကျီင်္က ကျွန်မ၀တ်ထားတာနဲ့ဆင်တူ (ကျွန်မက ယောင်္ကျားလေးဝတ်တီရှပ်တွေ ၀တ်လေ့ရှိပါတယ်...).။ ဗြုန်းဆို ၀င်လာတဲ့ အတွေးက ကျွန်မနဲ့လဲ မသိပဲ ကျွန်မကိုခေါ်နေတော့... ဒီလူအရူးများလား... ကျွန်မ ကိုလိုက်ဆွဲရင်တော့ ဒုက္ခ.... ။ မတိုင်ပင်ရပါပဲ ကျွန်မရဲ့ခြေထောက်နှစ်ဖက်က အလိုက်တသိအရင်ထက် နှစ်ဆမြန်အောင်သွားနေသည်... ။ ပြေးလဲမပြေးရဲဘူးလေ... တော်ကြာ ကျွန်မပြေးတာမြင်ပြီး နောက်က ပြေးလိုက်လာရင်.... တွေးရင်းကြက်သီးထမိသည်....။ အဲဒီလိုနဲ့.. လမ်းမကြီးကနေ mrt station ဘက်ချိုးတဲ့နေရာကို ချိုးလိုက်တော့ ဟေးဆိုတဲ့ အသံနှစ်ခါလောက်ဆင့်ကြားရပြီး... ခြေသံမြန်မြန်တစ်ခုကိုပါကြားလိုက်ရတော့... မလိခပဲလေ ဘယ်ရမလဲ.. သတ္တိကခပ်ကောင်းကောင်းဆိုတော့... တချိုးတည်း လုံးနေအောင်ကိုပြေးပစ်လိုက်တာ... mrt station အပေါ်ရောက်တဲ့ အထိပဲ... အဲဒါတောင် နောက်ကလိုက်လာလေမလားဆိုပြီး.... လှေကားအတက်ကိုစိုးရိမ်တကြီး mrt မလာမချင်းကြည့်နေမိသေးတာ.. အဲဒီလို သတ္တိရှိတာပါဆို....
ဒါကြောင့်တွေးမိတယ်... သြော်ငါ့နှယ်....ဒီ April Fool ကထူးခြားလှချည့်ရဲ့လို့... အရူးလဲလုပ်ခံရသေး.. အရူးလဲလိုက်ခံရသေးတယ်လို့....
ခင်မင်လျက်
မလိခ
4 comments:
ဟ ဟ ဟ....April Fool မဟုတ်ပဲတကယ့်အရှူးနေမှာပါ
မလိခရဲ့ စွံချက် :D
ဆောဒီး။ မရည်ရွယ်ပါဘူး။ တမင်တကာ လိမ်လိုက်မိတာပါ။ :D
ဒါနဲ့ ဧပရယ်ဖူးလ် မဟုတ်ပဲ ဧပရယ်လ်ဖူးစာ ဖြစ်သွားဦးမယ် နော်။ :P
strike : ဟုတ်မှာပေါ့ strike ရယ်
မနွေးနေခြည် : ဒါတောင် အလှမပြင်ရသေးဘူးမမရဲ့.. ဟီးဟီး.. (အလှပြင်သာမိရင် အရူးက သူ့အမျိုးတွေ့သလို လိုက်လာမှာစိုးလို့ :P)
ZT: ရပါတယ်... ကိုယ်တုံးတာ ကိုယ်ကွင်းကွင်းကွက်ကွက်ကြီး မြင်သွားရတာပေါ့.. (ရှက်လိုက်တာ..)
ဧပရယ်လ်ဖူးစာရယ်လို့တော့ မလုပ်လိုက်ပါနဲ့ ကိုယ့်အဖေ အရွယ်ကြီးမို့ပါ... :D.. ငယ်ငယ်ချောချောဆိုရင်တော့ စဉ်းစားမှာပေါ့.. :P
Post a Comment